နာဆာ၏ ဆိုက်ခီအာကာသယာဉ်က မေ ၁၅ ရက်တွင် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းမည်

News Image

  • နာဆာ၏ ဆိုက်ခီအာကာသယာဉ်က မေ ၁၅ ရက်တွင် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းမည်

ဝါရှင်တန် မေ ၁၁ 

အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဆိုက်ခီအာကာသယာဉ်သည် မေ ၁၅ ရက်တွင် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းမည်ဖြစ်ကြောင်း မေ ၁၀ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဆိုက်ခီ အာကာသယာဉ်သည် ဆိုက်ခီအမည်ရှိ ဂြိုဟ်သိမ်ဆီသို့ ခရီးနှင်ရာတွင် ဒြပ်ဆွဲအားအကူအညီရယူရေးအတွက် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းရန် စီစဉ်ထားခြင်းဖြစ်သည်။

မေ ၁၅ ရက်တွင် ဆိုက်ခီ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို ဂြိုဟ်မျက်နှာပြင်နှင့် ၁၂၃၃၃ မိုင်အကွာမှတစ်ဆင့် ဖြတ်ကျော်ပျံသန်းမည်ဖြစ်ကြောင်း နာဆာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုက်ခီအာကာသယာဉ်သည် မေ ၁၅ ရက်တွင် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းရေးအတွက် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပျံသန်းရာလမ်းကြောင်း ပြောင်းလဲပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

နာဆာအဖွဲ့သည် ဆိုက်ခီ ဂြိုဟ်သိမ်ကို လေ့လာရေးအတွက် ဆိုက်ခီအာကာသယာဉ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ရတနာပုံ