တောင်ကိုရီးယားက ရှေ့တန်းစစ်မျက်နှာများတွင် စက်ရုပ်များ အသုံးပြုရန် လေ့လာနေ

News Image

  • တောင်ကိုရီးယားက ရှေ့တန်းစစ်မျက်နှာများတွင် စက်ရုပ်များ အသုံးပြုရန် လေ့လာနေ

တောင်ကိုရီးယားတပ်မတော်တွင် စစ်သည်အင်အား သိသိသာသာ လျော့နည်းလာသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရှေ့တန်းစစ်မျက်နှာများတွင် စက်ရုပ်များ အသုံးပြုနိုင်ရေးကို လေ့လာဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါအတွက် Hyundai Motor နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စူးစမ်းလေ့လာလျက်ရှိပြီး တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသည် နည်းပညာအခြေပြု တပ်မတော်တစ်ရပ် တည်ဆောက်ရန် ဆွေးနွေးနေကြောင်း Bloomberg News သို့ အတည်ပြုထားသည်။

စက်ရုပ်များကို ကင်းထောက်ခြင်း၊ ထောက်လှမ်းခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့သော တိုက်ခိုက်ရေးမဟုတ်သည့် ကဏ္ဍများတွင် အသုံးပြုရန် စဉ်းစားနေခြင်းဖြစ်သည်။

အသုံးပြုရန် လျာထားသည့် စနစ်များတွင် ခြေလေးချောင်းထောက်စက်ရုပ်များ၊ ဘီးလေးဘီးတပ် MobED နှင့် ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် X-ble Shoulder အရန်ပစ္စည်းများ ပါဝင်သည်။

တောင်ကိုရီးယားနိုင်ငံသည် လူဦးရေဆိုင်ရာ အကျပ်အတည်းကြောင့် စစ်သည်အင်အား လျော့နည်းလာမှုနှင့် ရင်ဆိုင်နေရသလို တစ်ဖက်တွင် ဒုံးကျည်ခြိမ်းခြောက်မှုများ မြင့်တက်နေသဖြင့် AI နည်းပညာအခြေပြု စက်ရုပ်စနစ်များတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Bloomberg

MWD