တက္ကဆက်ပြည်နယ်၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံ တည်ဆောက်မည်

News Image

  • တက္ကဆက်ပြည်နယ်၌  တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံ တည်ဆောက်မည်

ဝါရှင်တန်   မေ   ၇

SpaceX တည်ထောင်သူ  အီလွန်မက်စ်က မောင်းသူမဲ့နည်းပညာနှင့် လူသားဆန်သောစက်ရုပ်များတွင် အသုံးပြုသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံကို အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်၌ တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံကို တက္ကဆက်ပြည်နယ် ဂရီမီစ်စီရင်စုတွင် တည်ဆောက်မည်ဖြစ်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ နောက်ထပ် ရင်းနှီးမြှုပ်နှံသွားမည့် ပမာဏသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံရှိကြောင်း သိရသည်။

အီလွန်မက်စ်က ၎င်း၏ ဧရာမတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးစက်ရုံစီမံကိန်း "Terafab" ကို တည်ဆောက်ရန် စီစဉ်နေကြောင်း မတ်လတွင် ကြေညာခဲ့သည်။

စီမံကိန်းအောင်မြင်စေရေးအတွက် SpaceX၊ လျှပ်စစ်ကားကုမ္ပဏီ Tesla နှင့် ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ xAI တို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

ကြိုးပမ်းလျက်ရှိ

ကမ္ဘာလုံးဆိုင်ရာ   နည်းပညာပြိုင်ဆိုင်မှုများ တိုးလာနေသည့်အတွက် မက်စ်၏ အဆိုပါကုမ္ပဏီသုံးခုက မောင်းသူမဲ့ကားများ၊ စက်ရုပ်များနှင့် ဉာဏ်ရည်တုနည်းပညာအတွက် အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် ပိုမိုခိုင်မာသော ပြိုင်ဘက်များဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

MDN