ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၈၅၂ ဘီလီယံအထိ စံချိန်တင်ရောက်ရှိပြီ

News Image

  • ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၈၅၂ ဘီလီယံအထိ စံချိန်တင် ရောက်ရှိပြီ

SpaceX နှင့် Tesla တို့၏ တည်ထောင်သူ အီလွန်မက်သည် ယခုအခါ ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် ချမ်းသာသည့် သမိုင်းဝင် ပထမဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရပြီး၊ ၎င်း၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးမှာ ဒေါ်လာ ၈၅၂ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားပါသည်။

Forbes ၏ အဆိုအရ Musk ၏ ပိုင်ဆိုင်မှုတန်ဖိုး မြင့်တက်လာခြင်းမှာ အီလွန်မက်ပိုင် SpaceX က အခြားကုမ္ပဏီတစ်ခုဖြစ်သည့် xAI ကို ဝယ်ယူသိမ်းပိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုကုမ္ပဏီနှစ်ခု ပေါင်းစည်းပြီးနောက် စုပေါင်းကုမ္ပဏီ၏ တန်ဖိုးမှာ ဒေါ်လာ ၁.၂၅ ထရီလီယံ ဖြစ်လာခဲ့ခြင်းဖြစ်ကာ ယင်းမှ Musk အတွက် ဒေါ်လာ ၈၄ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ Elon Musk သည် လွန်ခဲ့သော လေးလအတွင်း စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး (net worth) စံချိန် ၄ ကြိမ် ချိုးဖောက်နိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာ ဘီလီယံ ၅၀၀ ကို ကျော်လွန်နိုင်သည့် ပထမဆုံး လူတစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဒေါ်လာ ဘီလီယံ ၆၀၀ သို့ တက်ရောက်ခဲ့ကာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဒေါ်လာ ဘီလီယံ ၇၀၀ ကို ထပ်မံ ကျော်လွန်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Google တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ Larry Page (ပိုင်ဆိုင်မှု ခန့်မှန်းတန်ဖိုး ဒေါ်လာ ၂၈၁ ဘီလီယံ) ထက် ဒေါ်လာ ဘီလီယံ ၅၇၈ ဖြင့် အလွန်အမင်း ကျော်လွန်နေပြီဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃