စဉ့်ကိုင်မြို့နယ်၌ နွေသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့ များ၊ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝ မြေဩဇာများ(အခမဲ့) ထောက်ပံ့ပေးအပ်ခြင်းနှင့်နည်းပညာဆွေးနွေးပွဲကျင်းပ
စဉ့်ကိုင် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (SMU) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမည့် နွေသီးနှံများ၊ ပိုက်ဆံလျှော်များ၊ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား တောင်သူများထံသို့(အခမဲ့) ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲ အခမ်းအနားကို စော်ရဲကျေးရွာအုပ်စု၊ စော်ရဲကျေးရွာ (SMU)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲ၌ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေး၊ စဉ့်ကိုင်မြို့နယ် ဦးစီးမှူး ဦးသန်းဇော်နှင့် ခရိုင်/မြို့နယ် (SMS)များမှ နွေသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်းပညာများအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများအား နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ပိုက်ဆံလျှော်သီးနှံများအတွက် မျိုးစေ့များ၊ ယူရီးယား ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူစုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
