ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးဖြစ်

News Image

  • ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံ ဖူလုံပိုလျှံရေး ဒေသန္တရစီမံချက်ဖြင့် ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနမှ သိရှိရသည်။ 

ထိုသို့ မိုးပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် ၂၀၇ ဧက၊ တိုက်နယ်(၂)တွင် ၄၉၀ ဧက၊ တိုက်နယ် (၃) တွင် ၁၆၈၉ ဧက၊ တိုက်နယ် (၆) တွင် ၃၁၇ ဧက၊ တိုက်နယ်(၈) တွင် ၂၃၇ ဧက၊ တိုက်နယ်(၉)တွင် ၈၆ ဧက၊ တိုက်နယ်(၁၀)တွင် ၁၂ ဧက၊ တိုက်နယ်(၁၂)တွင် ၃၀ ဧက  စုစုပေါင်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးကြို ပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေ များလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)