Naypyitaw State Academy ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
နေပြည်တော် မတ် ၁
Naypyitaw State Academy ပထမ အကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ Naypyitaw State Academy ပါမောက္ခချုပ်နှင့် သဟာယအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ဦးစွာ Naypyitaw State Academy ပါမောက္ခချုပ်နှင့် သဟာယအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်၌ အစီအစဉ်အတိုင်း တက်ရောက်နေရာယူပြီး မြန်မာ့ဆိုင်း တူရိယာအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ကာ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် ပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး စီးပွားရေးပညာမဟာဘွဲ့၊ ဂုဏ်ထူးဘွဲ့ (ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားရေးပညာ)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ စီးပွားရေးပညာဘွဲ့၊ ဝါဏိဇ္ဇဗေဒဘွဲ့၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့၊ ဥပဒေဘွဲ့ရရှိသူများအား သက်ဆိုင်ရာဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ အမှာစကားပြောကြားသည်။
Naypyitaw State Academy အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်တွင် မဟာ စီးပွားရေးပညာဘွဲ့ တစ်ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ခုနစ်ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ ၁၆ ဦး၊ စီးပွားရေးပညာဂုဏ်ထူးဘွဲ့ သုံးဦး၊ ဝိဇ္ဇာဘွဲ့ ၇၃ ဦး၊ သိပ္ပံဘွဲ့ ၁၀၀ ဦး၊ စီးပွားရေးပညာဘွဲ့ လေးဦး၊ ဝါဏိဇ္ဇဗေဒဘွဲ့ ၁၀ ဦး၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာဘွဲ့ ကိုးဦးနှင့် ဥပဒေဘွဲ့ ၁၀ ဦး စုစုပေါင်း ၂၃၃ ဦးကို ဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
MWD
