ရီယက်မြို့ရှိအမေရိကန်သံရုံး ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံရ

News Image

  • ရီယက်မြို့ရှိအမေရိကန်သံရုံး ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့ရှိ အမေရိကန်သံရုံးကို  ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကနဦးစစ်ဆေးမှုများအရ မြို့တော်ရှိ အမေရိကန်သံရုံးကို  မတ်လ ၃ ရက်က ဒရုန်းနှစ်စင်းဖြင့်   တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုနှင့် ပျက်စီးမှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် သံရုံးအတွင်း၌   တစ်စုံတစ်ဦးမျှရှိမနေသောကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ Fox  News  သတင်းဌာနမှ ဂျနီဖာဂရစ်ဖင်က ပြောကြားသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့်သီတင်းပတ်အကုန်ပိုင်းတွင် တီဟီရန်မြို့ အပါအဝင် အီရန်နိုင်ငံအတွင်းရှိ  ပစ်မှတ်များအပေါ် တိုက်ခိုက်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများနှင့် အရပ်သားထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီးနောက် အီရန်ဘက်မှ အစ္စရေး ပိုင်နက်နယ်မြေများအပြင် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့တွင် တည်ရှိသောအမေရိကန် စစ်အခြေစိုက်စခန်းများကိုပါ လက်တုံ့ပြန်၍    ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုက လက်တုံ့ပြန်မှုများကို မကြာမီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ပြောကြားထားသည်။

(Ref: Sputnik)

MWD