ဥရောပဒေသက ငါးနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့်ဒေသ ဖြစ်လာ

News Image

  • ဥရောပဒေသက ငါးနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့်ဒေသ ဖြစ်လာ

ယူကရိန်းပဋိပက္ခ ပိုမိုပြင်းထန်လာခြင်းနှင့် ဥရောပမဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးအပေါ် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်များ မသေချာမရေရာမှုများကြောင့် ဥရောပဒေသသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့် ဒေသဖြစ်လာခဲ့ကြောင်း သိရသည်။

စတော့ဟုမ်း   အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ဥရောပနိုင်ငံများ၏ လက်နက်တင်သွင်းမှု ပမာဏသည်   ၂၀၁၆-၂၀၂၀   ခုနှစ်အတွင်းက မှတ်တမ်းတင်ထားသည့်  ပမာဏထက်သုံးဆကျော်    ပိုမိုမြင့်တက်လာပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်နက်လွှဲပြောင်းမှု ပမာဏသည် ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း  သိရသည်။

၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း   ကမ္ဘာ့လက်နက်တင်သွင်းမှု၏ ၃၃ ရာခိုင်နှုန်းကို ဥရောပနိုင်ငံများက လုပ်ဆောင်ခဲ့ကြပြီး ၂၀၁၆-၂၀၂၀ ခုနှစ်တွင်မူ ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ဥရောပနိုင်ငံများက ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးအပ်ခဲ့ခြင်းသည် ယခုကဲ့သို့ လက်နက်တင်သွင်းမှု မြင့်တက်လာရခြင်း၏ အထင်ရှားဆုံး အကြောင်းရင်းဖြစ်သည်ဟု   စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ   ငြိမ်းချမ်းရေးသုတေသနဌာနမှ လက်နက်လွှဲပြောင်းမှု အစီအစဉ်၏ ညွှန်ကြားရေးမှူး   မက်သရူးဂျော့ ပြောကြားထားကြောင်း သိရသည်။

Ref: Xinhua

MWD