မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း မဟာယူနိုက်တက်အသင်းကို အနိုင်ယူ
ရန်ကုန် မတ် ၁၂
၂၀၂၅-၂၀၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၁)၏ပွဲစဉ် တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့၌ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းမှာ နောက်ကျအနိုင်ဂိုးနဲ့ မဟာယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးသွင်းယူကာ အနိုင်ရရှိသွားသည်။
ပထမပိုင်းပွဲစသည်နှင့် ရှမ်းယူနိုက်တက်အသင်း ဘောလုံးပိုင်ဆိုင်မှုယူကာ ပွဲကိုဦးဆောင်ကစားခဲ့ပြီး မဟာယူနိုက်တက် နောက်တန်း ကစားသမားများနှင့် ဂိုးသမားအောင်ကိုလတ်တို့ ဟန့်တားကာကွယ်နိုင် မှုကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့ပေ။ လက်ကျန်ပွဲစဉ်များ အနိုင်ရရှိမှသာ ချန်ပီယံဖြစ်ခွင့်ရမည့် ရှမ်းယူနိုက်တက် အသင်းနိုင်ပွဲရရှိရေး တိုက်စစ်အားမလျော့ဘဲ ပြိုင်ဘက်ကို ဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် ၂၂ မိနစ်တွင် ရဲရင့်အောင်ရဲ့ ပေးပို့မှုကနေ ခွန်ကျော်ဇင်ဟိန်းက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကြောင့် ပွဲကစားချိန် မိနစ် ၃၀ နောက်ပိုင်း မဟာယူနိုက်တက် အသင်းခံ စစ်ကစားခဲ့ရပေမယ့် ရှမ်းယူနိုက်တက်အသင်း ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိဘဲ ၁ ဂိုး ဂိုးမရှိဖြင့်ပင် ပထမပိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပြန်စသည်နှင့် ရှမ်းယူနိုက်တက်အသင်းလူစားလဲတိုက်စစ်အားမြှင့်ခဲ့သလို မဟာယူနိုက်တက်အသင်းကလည်း ချေပဂိုးရရှိရေး လူစားလဲမှုများဖြင့် ပွဲကိုဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲကစားချိန် ၆၃ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ခွန်ကျော်ဇင်ဟိန်း၊ စအောင်ပြည့်ကို၊ ရဲရင့်အောင်တို့ ပြိုင်ဘက်ဂိုးဧရိယာအတွင်း အနီးကပ်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် မဟာယူနိုက်တက် နောက်တန်းနှင့် ဂိုးသမားတို့ အသည်းအသန်ဖျက်ထုတ်ကာကွယ်နိုင်ခဲ့၍ ရှမ်းယူနိုက်တက်အသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိမယ့် အနေအထားမှ ကပ်လွဲခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းတိုက်စစ်အားကောင်းသလို မဟာယူနိုက်တက်အသင်းရဲ့ တန်ပြန်တိုက်စစ်သည်လည်း လျင်မြန်မှုရှိပြီး ဂိုးခြိမ်းခြောက်မှုများ အထိရှိခဲ့ရာ ပွဲကစားချိန် ၆၅ မိနစ်တွင် အီဒူဘက်ပက် ထရစ်က ပြိုင်ဘက်ဂိုးဧရိယာပြင်ပကနေကန်သွင်းပြီး ချေပဂိုးသွင်းယူနိုင်ခဲ့၍ ပွဲကပို၍မြိုင်ဆိုင်လာခဲ့သည်။ ချေပဂိုးရရှိခဲ့သည့် မဟာယူနိုက်တက်အသင်း စိတ်အားတက်ကြွကာ ဦးဆောင်ဂိုးထပ်မံရရှိရေး တိုက်စစ်အားမြှင့်လာခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း နောက်ဆုံးအချိန်အထိ တိုက်စစ်အားမလျှော့ဘဲဆက်လက်
ယှဉ်ပြိုင်ခဲ့ရာ ပွဲကစားချိန် ၇၇ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်းရဲ့ တိကျတဲ့ပေးပို့မှုကနေ လူစားဝင်ကစားသမား စအောင်ပြည့်ကိုက ရှမ်းယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့၍ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းမှာ နောက်ကျအနိုင်ဂိုးနဲ့ မဟာယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဝန်းရံခ
