ကန်သာယာအထူးကု ဆေးရုံကြီး၌ ကမ္ဘာ့ကျောက်ကပ်နေ့ အခမ်းအနားကျင်းပ
ရန်ကုန် မတ် ၁၂
ကမ္ဘာ့ကျောက်ကပ်နေ့ World Kidney Day အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ကန်သာယာအထူးကုဆေးရုံကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ကျန်းမာရေးဆိုင်ရာအထူးကု ဆရာဝန်ကြီးများ၊ ဆေးဝါးကုသမှုနယ်ပယ် မှ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒေါက်တာဝင်းမြတ်ဦးက ကမ္ဘာ့ကျောက်ကပ်နေ့အကြောင်းအဖွင့်အမှာ စကားပြောကြားပြီး ဒေါက်တာအောင်ချမ်း ငြိမ်းက ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာများကို ပြောကြားသည်။
ယင်းနောက် ကျောက်ကပ်လူနာများ အတွက် သတင်းကောင်းဖြစ်သည့် ကန် သာယာဆေးရုံကြီးတွင် ကျောက်ကပ် အစားထိုးကုသအောင်မြင်ခြင်းအကြောင်း ကို ဒေါက်တာရဲလင်းထွန်းက ရှင်းလင်း ပြောကြားပြီး ကျောက်ကပ်လှူဒါန်းသူနှစ်ဦး အား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောက်ကပ်ရောဂါ အထောက်အကူပြု ဆေးဝါးကုမ္ပဏီများဖြစ်ကြသည် Zefam, DKSH, Imperial Phoen Company တို့မှ ဆေးဝါးများအကြောင်းကို ရှင်းလင်းပြောကြားပြီး GAIA Pilates Studio မှ ကျန်းမာရေးအသက်ရှူ လေ့ကျင့်ခန်းများကို တင်ဆက်ပြသခဲ့သည်။
ကန်သာယာအထူးကုဆေးရုံကြီးတွင် နှလုံး၊ ကျောက်ကပ်နှင့် သားဖွားမီးယပ် ဆိုင်ရာရောဂါများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။
MWD
