ကြယ်စင်စုတွေကို မြေပုံရေးဆွဲနိုင်စေဖို့ကူညီမယ့် ကမ္ဘာ့အကြီးဆုံး အဝေးကြည့်မှန်ပြောင်း

News Image

  • ကြယ်စင်စုတွေကို မြေပုံရေးဆွဲနိုင်စေဖို့ကူညီမယ့် ကမ္ဘာ့အကြီးဆုံး အဝေးကြည့်မှန်ပြောင်း

     စကြဝဠာကြီးက အလွန်ပဲဆန်းကြယ်လှပါတယ်။ ဆန်းကြယ်လှတဲ့ စကြဝဠာကြီးထဲမှာ ကြယ်စင်စုများစွာကလည်း သူ့အစုအဝေးနဲ့သူတည်ရှိနေပါတယ်။ သုတေသနပညာရှင်များက အဲဒီကြယ်စင်စုတွေတည်ရှိမှုမြေပုံကိုရေးဆွဲနိုင်စေဖို့အတွက်ကမ္ဘာ့အကြီးဆုံးအဝေးကြည့်မှန်ပြောင်းကိုချီလီနိုင်ငံ ရီယိုဟာတာဒိုတောင်ကြားမှာစတင်တည်ဆောက်နေပါပြီ။

ဒီအဝေးကြည့်မှန်ပြောင်းကို MOTHRAလို့ခေါ်ပါတယ်။ သူ့ရဲ့တာဝန်က ကြယ်စင်စုတွေ တစ်ခုနဲ့တစ်ခုကြားမှာရှိနေတဲ့ မှိန်ပျော့ပျော့ဓာတ်ငွေ့တွေကို ရှာဖွေပြီး မမြင်နိုင်တဲ့ အမည်းရောင်အရာဝတ္ထုတွေရဲ့ပျံ့နှံ့မှုကိုခြေရာခံဖို့ဖြစ်ပါတယ်။ သူ့ကိုတည်ဆောက်ပြီးသွားတဲ့အခါ ကမ္ဘာ့အကြီးဆုံးသော မှန်ဘီလူးအားလုံးပါဝင်တဲ့ အဝေးကြည့်မှန်ပြောင်းကြီးဖြစ်လာလိမ့်မယ်လို့ သုတေသနပညာရှင်များကပြောပါတယ်။

သမားရိုးကျအဝေးကြည့်မှန်ပြောင်းများက မှန်များကိုသာအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ အခုအဝေးကြည့်မှန်ပြောင်းမှာတော့ Canon ကုမ္ပဏီထုတ်မှန်ဘီလူးပေါင်း ၁၁၄၀ ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီမှန်ဘီလူးတွေက တစ်ပြိုင်နက်တည်းအလုပ်လုပ်မှာဖြစ်ပြီး ရရှိလာတဲ့ပုံရိပ်တွေကို ဒစ်ဂျစ်တယ်နည်းနဲ့ ပေါင်းစပ်ကာ ပုံ‌ဖော်သွားမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့က ယခင် Dragonfly Telephoto Array ကို အဆင့်မြှင့်ပုံဖော်သွားမှာဖြစ်ပါတယ်။

MWD