မည်သည့်ဒရုန်းအမျိုးအစားနှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် ဒရုန်းထိန်းချုပ်ရေး ဆော့ဝဲတစ်ခုကို ရုရှားအင်ဂျင်နီယာများဖန်တီး
ရုရှားနိုင်ငံမှ အင်ဂျင်နီယာများသည် ဒရုန်းများ ထိန်းချုပ်မောင်းနှင်သူများကို လေ့ကျင့်သင်ကြားပေးရာတွင် အလုံးစုံအသုံးချနိုင်မည့် ဒရုန်းထိန်းချုပ်ရေး ဆော့ဝဲတစ်ခုကို ဖန်တီးထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မော်စကိုလေကြောင်းတက္ကသိုလ်မှ လူငယ်အင်ဂျင်နီယာ အဖွဲ့တစ်ဖွဲ့သည် မည်သည့်ဒရုန်းအမျိုးအစား နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် ဆော့ဝဲတစ်ခုကို တီထွင်ဖန်တီးလိုက်ခြင်းဖြစ်သည်။
အဆိုပါဆော့ဝဲသည် WiFi မှတစ်ဆင့် မည်သည့်ဒရုန်း အမျိုးအစားကိုမဆိုထိန်းချုပ်နိုင်သည့် အဝေးထိန်းစနစ်ပင်ဖြစ်သည်။ သာမန်လက်ကိုင်ထိန်းချုပ်စနစ်နှင့် အထူးကျွမ်းကျင်မှုများ မလိုအပ်ဘဲ ပျံသန်းမှုကို လုပ်ဆောင်နိုင်စေသောကြောင့် အော်ပရေတာများကို လေ့ကျင့်သင်ကြားပေးရာတွင် ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါ ဒရုန်းထိန်းချုပ်ရေး ဆော့ဝဲသည် WiFi ချိတ်ဆက်မှုကို အသုံးပြု၍ မည်သည့်ဒရုန်း အမျိုးအစားနှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခုဖြစ်လာမည်ဖြစ်သည်။
MWD
