နောက်ဆုံးပေါ် မောင်းသူမဲ့ရေယာဉ်များကို တပ်ဖွဲ့ဝင်များထံ ရုရှားပေးအပ်

News Image

  • နောက်ဆုံးပေါ် မောင်းသူမဲ့ရေယာဉ်များကို တပ်ဖွဲ့ဝင်များထံ ရုရှားပေးအပ်

      ရုရှားနိုင်ငံသည်   အထူးစစ်ဆင်ရေး နယ်မြေအတွင်းရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်ရန်     ဖိုက်ဘာအော့ပတစ် ဆက်သွယ်ရေးစနစ်သုံး နောက်ဆုံးပေါ် မောင်းသူမဲ့ရေယာဉ်များကို ပေးအပ်လိုက်ပြီဖြစ်ကြောင်း ရုရှားစစ်ဘက်သုံးလက်နက် ထုတ်လုပ်ရေးနှင့်    သုတေသနဌာနမှ ဒုတိယအထွေထွေညွှန်ကြားရေးမှူး အဗ်ဂျီနီ မန်ဒယ်လ်စတမ်က မတ်လ ၃၁ ရက်တွင် ပြောကြားသည်။

Shell ဟုအမည်ပေးထားသည့် အဆိုပါမောင်းသူမဲ့ရေယာဉ်များအား ရုရှားတပ်ဖွဲ့အချို့    လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ ၎င်းတပ်ဖွဲ့များအား အော်ပရေတာများက ကြိုတင်လေ့ကျင့် ပေးထားပြီးဖြစ်ကြောင်း  မန်ဒယ်လ်စတမ်က TASS သတင်းဌာနနှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောကြားသည်။

ထို့ပြင် လူမဲ့စနစ်များဆိုင်ရာ နည်းပညာနှင့် စစ်ဆင်ရေးဌာနမှ စစ်ဘက်ကျွမ်းကျင်သူများသည် Koshchey ဟု အမည်ပေးထားသည့် အကြီးစားဒရုန်းအသစ်များကို အထူးစစ်ဆင်ရေး နယ်မြေအတွင်းရှိ ရုရှားတပ်ဖွဲ့များထံ ပေးပို့ရန် ပြင်ဆင်လျက်ရှိကြောင်း  ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

MWD