ဒူဘိုင်းလေဆိပ်အနီး ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကြောင့် လောင်စာဆီသိုလှောင်ကန် မီးလောင်ကျွမ်း

News Image

  • ဒူဘိုင်းလေဆိပ်အနီး ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကြောင့် လောင်စာဆီသိုလှောင်ကန် မီးလောင်ကျွမ်း

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကြောင့် လောင်စာဆီသိုလှောင်ကန်တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒူဘိုင်း မီဒီယာရုံးက တနင်္လာနေ့ (မတ် ၁၆) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ ဒေသစံတော်ချိန် နံနက် ၄ နာရီမတိုင်မီက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး “မြို့ပြကာကွယ်ရေးအဖွဲ့များအနေဖြင့် မီးကို ထိန်းချုပ်နိုင်ရန် လက်ရှိအချိန်တွင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း” အဆိုပါရုံးက X လူမှုကွန်ရက်တွင် ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။ “လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း” လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ပွဲစတင်ချိန်မှစ၍ အီရန်ဒရုန်းများသည် ဒူဘိုင်း၏ အဓိကသယ်ယူ ပို့ဆောင်ရေးနေရာကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် လူလေးဦး ဒဏ်ရာရရှိခဲ့ကာ လေဆိပ်ဆောင်တစ်ခုလည်း ပျက်စီးခဲ့ရသည်။

ကိုးကား- CNN

Photo: Thairath English

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂