တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီးစစ်မှုထမ်းများအလိုရှိသည်

News Image

  • တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီးစစ်မှုထမ်းများအလိုရှိသည်

၁။         လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

            (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

            (ခ)       လျှောက်ထားသူသည်  ၁၈-၅-၂ဝ၂၆ ရက်နေ့တွင်  အသက်(၁၈)နှစ်ပြည့်ပြီး   အသက်(၂၅)နှစ်ထက်  မကြီးရ။

            (ဂ)       အခြေခံပညာအဋ္ဌမတန်း(သို့မဟုတ်) Grade-9 အောင်မြင်ပြီးသူဖြစ်ရမည်။

            (ဃ)     အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

                      (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

            (င)       အမြင်အာရုံကြီးမားစွာချို့ယွင်းသူ မဖြစ်စေရ။

၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady   Webportal (www.myawady.net.mm/ private (female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၂၇-၂-၂၀၂၆ ရက်နေ့မှ ၂၁-၄-၂၀၂၆ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-        

            (က)     နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။     

            (ခ)       အခြေခံပညာအဋ္ဌမတန်း(သို့မဟုတ်) Grade-9 အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

            (ဂ)       အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့်ထောက်ခံစာ(မူရင်း)။

            (ဃ)     တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

            (င)       အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

            (စ)       မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်းထောက်ခံချက်။         

၃။         ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။         အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ်ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက တပ်သားအခြေခံလစာ(၁၅ဝဝဝဝ)ကျပ်နှင့်စရိတ်များခံစားခွင့်ရရှိမည်။

၅။        အခြေခံတပ်သားသစ် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း မိမိတာဝန် ထမ်းဆောင်လိုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)  လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့  ဆန္ဒပြုရွေးချယ်နိုင်ပြီး  သင်တန်းဆင်းပြီး  သတ်မှတ်ချက်ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။

မှတ်ချက်။         အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။

MWD