အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် နေရာအချို့တွင် ဒုံးကျည်အစအနများ ကျရောက်ထိမှန်

News Image

  • အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် နေရာအချို့တွင် ဒုံးကျည်အစအနများ ကျရောက်ထိမှန်

အီရန်နိုင်ငံဘက်မှ ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီးနောက် အစ္စရေး အလယ်ပိုင်းရှိ နေရာအများအပြားတွင် ပျက်စီးသွားသော ဒုံးကျည် အစိတ်အပိုင်းများ ကျရောက်ထိမှန်မှုများ ရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) နံနက် ၅ နာရီမတိုင်မီတွင် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တဲလ်အဗစ်ခရိုင် က အရာရှိတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဗုံးရှင်းလင်းရေး အဖွဲ့တွေဟာ လက်ရှိမှာ အဲဒီခရိုင်အတွင်း လက်နက်အစိတ်အပိုင်းတွေ ကျရောက်ခဲ့သည့် နေရာအတော်များများကို ကိုင်တွယ်ဖြေရှင်းနေပါတယ်" ဟု ပြောကြားခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များထံမှ ရရှိသော ဗီဒီယိုမှတ်တမ်းများတွင် လူနေရပ်ကွက်အတွင်းရှိ လမ်းမတစ်ခုပေါ်၌ ဒုံးကျည်အပျက်အစီးများ ကျရောက်နေသည်ကိုလည်းကောင်း၊ မော်တော်ယာဉ်တစ်စီး မီးလောင်နေသည်ကိုလည်းကောင်း တွေ့ရှိရသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်သေဆုံးမှုရှိကြောင်း သတင်းမရရှိသေးဘဲ တာဝန်ရှိသူများက ဒုံးကျည်ကျရောက်ရာနေရာများကို ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့ (မတ် ၁၈) အစောပိုင်း က ဖြစ်ပွားခဲ့သော အီရန်၏ အခြားသော ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတစ်ခု တွင်မူ အစ္စရေးအလယ်ပိုင်း၌ လူနှစ်ဦး သေဆုံးခဲ့သည်။

ကိုးကား- CNN

Photo: Chicago Tribune

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂