ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မြေပဲဧက  ၂၀၀ ကျော်နုတ်သိမ်းပြီးစီး

News Image

  • ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မြေပဲဧက  ၂၀၀ ကျော်နုတ်သိမ်းပြီးစီး

ငဖဲ     မတ်    ၁၉

မကွေးတိုင်းဒေသကြီး    မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ က စိုက်ပျိုးခဲ့သော မြေပဲဧက ၂၀၀ ကျော် နုတ်သိမ်းပြီးစီးပြီး   တစ်ဧကလျှင်  ၆၀ ဒသမ ၉၂ တင်းခန့်ထွက်ရှိကြောင်း  သိရ သည်။

"ငဖဲမြို့နယ်မှာ   ဆောင်းသီးနှံစိုက်ပျိုး ရာသီက တွန်တာနီမြေပဲမျိုး၊ မကွေး-၁၆ နဲ့ ဗီယက်နမ်မျိုး  စုစုပေါင်း  ၂၁၉    ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မြေပဲစိုက်ခင်းတွေ ကို တောင်သူတွေက နွေသီးနှံတွေပြန်လည် စိုက်ပျိုးနိုင်ဖို့ ဇန်နဝါရီလက စတင်နုတ် သိမ်းခဲ့တာ လက်ရှိမှာ ဧကအားလုံး နုတ် သိမ်းပြီးစီးပြီဖြစ်ပါတယ်။   တစ်ဧကကို    ၆၀ ဒသမ ၉၂  တင်းလောက်ထွက်ရှိပါ တယ်။ ဒေသခံတောင်သူတွေ  မြေပဲနုတ် သိမ်းရာမှာ   အထွက်နှုန်းလျော့နည်းမှုနဲ့ လေလွင့်ဆုံးရှုံးမှုမရှိစေရေး   အချိန်မီနုတ် သိမ်းကြဖို့နဲ့ နုတ်သိမ်းပြီးမြေပဲတွေ စနစ်တကျထားသိုသိမ်းဆည်းကြဖို့ အသိ ပညာပေး ဆောင်ရွက်နေပါတယ်"ဟု  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန    ဦးစီးမှူး ဦးမြင့်သိန်းကပြောသည်။

မြေပဲစိုက်တောင်သူများကို   အထွက် နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေး၊  သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊  သဘာဝပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲရေး၊  ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး စသည့်တောင်သူအသိပညာပေး လုပ်ငန်းများကို    မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ကွင်းတာဝန်ခံဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။

ငဖဲမြို့နယ်အပြင် တခြားဒေသများ၌လည်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို အထွက်နှုန်းတိုးတက်အောင်   စိုက်ပျိုးနိုင်မည်ဆိုပါက  ဒေသတွင်းစားသုံးဆီဖူလုံ စေမည့်အပြင်    ဆီဈေးနှုန်းတည်ငြိမ်ရေးကိုလည်း    အထောက်အကူပြုစေနိုင်မည် ဖြစ်ကြောင်း သိရသည်။            

MWD