ထိုင်းနိုင်ငံ၏ ယခုနှစ် ဧပြီလ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း

News Image

  • ထိုင်းနိုင်ငံ၏ ယခုနှစ် ဧပြီလ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း

ဗန်ကောက် မေ ၂၅

ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုနှုန်းမှာ ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။

အီရန်စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ ပို့ကုန်လုပ်ငန်းများ ထိခိုက်ပျက်စီးမှုနှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် ယခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၏ ယခုနှစ် ဧပြီလ ကားထုတ်လုပ်မှုနှုန်းမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကား ၁၀၃၇၉၄ စီးသာ ထုတ်လုပ်နိုင်ခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ယခုနှစ်မတ်လ ကားထုတ်လုပ်မှုနှုန်းသည် ယမန်နှစ် မတ်လကထက် ၂ ဒသမ ၆၉ ရာခိုင်နှုန်းပိုမြင့်မားခဲ့သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးကားထုတ်လုပ်မှုဗဟိုချက်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ တိုယိုတာ၊ ဟွန်ဒါ၊ ဘီဝိုင်ဒီ၊ ဂရိတ်ဝေါလ်ကဲ့သို့ ထိပ်တန်းကားထုတ်လုပ်မှုကုမ္ပဏီကြီးများက ထုတ်လုပ်ရေးစက်ရုံများ ဖွင့်လှစ်ထားကြကြောင်း သိရသည်။

ရတနာပုံ