နှစ်လတာကာလအတွင်း ပြည်ပသို့ပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်းရရှိထား

News Image

  • နှစ်လတာကာလအတွင်း ပြည်ပသို့ပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်းရရှိထား

ရန်ကုန်    မတ်   ၂၂

    ယခုနှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလကုန်အထိ      နှစ်လတာကာလအတွင်း  ပုဂ္ဂလိကကဏ္ဍမှ   ပြည်ပ သို့ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉    သန်း ရရှိထားကြောင်း  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးတင့် ၏ပြောပြချက်အရ သိရသည်။

"ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကုန်အထိ ပုဂ္ဂလိကကဏ္ဍကနေ ပြည်ပကို ပျားရည် ၉၈၆ ဒသမ ၂၃ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ  ၁  ဒသမ  ၄၇၉ သန်းရရှိခဲ့ပါတယ် "ဟု ဦးမျိုးတင့်ကပြောသည်။

ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ  ပျားရည် ၉၈၁ ဒသမ ဝ၅  တန်နှင့်   နယ်စပ်ကုန်သွယ်ရေးမှ ပျားရည် ၅ ဒသမ ၁၈ တန် စုစုပေါင်း ၉၈၆ ဒသမ ၂၃ တန်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်းရရှိခဲ့သည်။ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့ ရာတွင် ဂျပန်၊ တရုတ်(တိုင်ပေ)နှင့် ထိုင်းနိုင်ငံတို့သို့တင်ပို့ပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့သည်။ 

ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊  ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊  နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍    ထုတ်လုပ် ကြောင်း၊ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများပြီး  ပြည်ပသို့တင်ပို့ရာတွင် အများ အားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊  ထိုင်းနှင့်  တရုတ် နိုင်ငံတို့သို့ တင်ပို့ကြောင်း သိရသည်။

MWD