ရာဖင်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း အတွက် နစ်နာကြေးယူရမည်

News Image

  • ရာဖင်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း အတွက် နစ်နာကြေးယူရမည်

မတ်လ ၃၁ ရက်၊ 

ဘာစီလိုနာအသင်းက တိုက်စစ်ကစားသမား ရာဖင်ဟာ၏ တံကောက်ကြောဒဏ်ရာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ထံမှ နစ်နာကြေး ယူရို ၁၄၄၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရာဖင်ဟာသည် လက်ရှိနိုင်ငံတကာပွဲစဉ်ကာလအတွင်း ဘရာဇီးအသင်းနှင့်အတူ နိုင်ငံတကာခြေစမ်းပွဲစဉ်များတွင် ပါဝင်ကစားစဉ် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး တစ်လခန့်အနားယူရမည်ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဖီဖာထံမှ နစ်နာကြေးရရှိမည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သတ်မှတ်ချက်အရ နိုင်ငံတကာပွဲစဉ်အတွက် လက်ရွေးစင်အသင်းများထံ လာကစားသည့် ကစားသမားများ ဒဏ်ရာရရှိပါက သက်ဆိုင်ရာကလပ်အသင်းများအတွက် နစ်နာကြေး ပေးအပ်ရန် လိုအပ်သည်။ ယခုအခါ ရာဖင်ဟာသည် တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့်အနားယူရမည်ဖြစ်ပြီး တစ်နေ့လျှင် ယူရို ၂၀၅၀၀ အဖြစ် ငွေချေးအပ်ခံရမည်ဖြစ်သည်။

ရာဖင်ဟာသည် တံကောက်ကြောဒဏ်ရာကြောင့် လာမည့်ပွဲစဉ်အများစုကို လွဲချော်ရမည်ဖြစ်ပြီး ရာသီကုန်အထိ အနားယူရနိုင်မည့်အခြေအနေရှိနေကြောင်း သိရသည်။

Ref: Fabrizio Romano

MWD