ဧပြီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အပြောင်းအလဲများဖြစ်ခဲ့ပြီး ပြင်သစ်အသင်း ထိပ်ဆုံး၌ရပ်တည်
ဇူးရစ် ဧပြီ ၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထုတ်ပြန်ရာတွင် အဆင့် အပြောင်းအလဲများဖြစ်ခဲ့ပြီး ပြင်သစ်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ပြင်သစ်အသင်းသည် နှစ်ဆင့်မြင့်တက်လာပြီး နောက် စပိန်အသင်းကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် (၁)နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၁)နေရာ၌ ဦးဆောင်ခဲ့သည့် စပိန်အသင်းသည် တစ်ဆင့်ကျဆင်းပြီးနောက် ကမ္ဘာ့အဆင့်(၂)နေရာသို့ ကျဆင်းခဲ့ရပြီး ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် အဆင့်ရပ်တည်မှုပြောင်းလဲခဲ့သည့် အသင်းများအဖြစ် စပိန်အသင်းနှင့်အတူ အာဂျင်တီးနားအသင်း၊ ပေါ်တူဂီအသင်းနှင့် ဘရာဇီးအသင်းတို့ပါဝင်ခဲ့ကြ သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ သင်း စာရင်းတွင် ပြင်သစ်အသင်းနောက်၌ စပိန်အသင်း က အဆင့်(၂)၊ အာဂျင်တီးနားအသင်းကလည်း တစ်ဆင့်ကျဆင်းခဲ့ပြီး အဆင့်(၃)၊ အင်္ဂလန်အသင်း က အဆင့်(၄)၊ ပေါ်တူဂီအသင်းက တစ်ဆင့်မြင့်တက်လာပြီး အဆင့်(၅)၊ ဘရာဇီးအသင်းက တစ်ဆင့် ကျဆင်းခဲ့ပြီး အဆင့်(၆)၊ နယ်သာလန်အသင်းက အဆင့်(၇)၊ မော်ရိုကိုအသင်းက အဆင့်(၈)၊ ဘယ်လ်ဂျီ ယံအသင်းက အဆင့်(၉)နှင့် ဂျာမနီအသင်းက အဆင့် (၁၀)နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
MWD
