ထရမ့်၏ မိန့်ခွန်းသည် စစ်ပွဲ၏ အောင်မြင်မှုများကို ဝါဒဖြန့် စည်းရုံးနိုင်ရန် ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ခဲ့ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ပြောကြား

News Image

  • ထရမ့်၏ မိန့်ခွန်းသည် စစ်ပွဲ၏ အောင်မြင်မှုများကို ဝါဒဖြန့် စည်းရုံးနိုင်ရန် ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ခဲ့ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ပြောကြား

ဧပြီ ၁ ရက်နေ့ညတွင် ပြုလုပ်ခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတော်သို့ ပြောကြားခဲ့သော မိန့်ခွန်းအပေါ် အိမ်ဖြူတော်တာဝန်ရှိသူများက ကျေနပ်အားရမှုရှိကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုတာဝန်ရှိသူများ၏ အဆိုအရ သမ္မတထရမ့်သည် ၎င်းတို့ မျှော်မှန်းထားသည့်အတိုင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် အဆိုပါမိန့်ခွန်းမှတစ်ဆင့် အစိုးရ၏စစ်ပွဲဆင်နွှဲရခြင်း အကြောင်းပြချက်များကို ရှင်းလင်းတင်ပြရန်နှင့် ယခုအချိန်အထိ စစ်ရေးအရအောင်မြင်မှုများကို လူထုက လက်ခံလာအောင် တင်ပြရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် အမေရိကန် ပြည်သူလူထုအား စစ်ပွဲသည် ပြီးဆုံးလုနီးပြီဖြစ်ကြောင်း စိတ်အေးစေရန် အာမခံချက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

သမ္မတသည် ပြင်ဆင်ထားသည့် မိန့်ခွန်းမူကြမ်းအတိုင်း အဓိကထားပြောကြားခဲ့ပြီး သတ်မှတ်ထားသည့် မိနစ် ၂၀ အတွင်း၌ပင် မိန့်ခွန်းကို ကျစ်ကျစ်လျစ်လျစ်ဖြင့် အဆုံးသတ်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော ၃၂ ရက်အတွင်း အီရန်နိုင်ငံနှင့်ပတ်သက်၍ ထရမ့်၏ မှတ်ချက်များကို အနီးကပ်စောင့်ကြည့်နေသူများအတွက်မူ ထူးခြားသည့် သတင်းအချက်အလက်သစ်များ ပါဝင်ခြင်းမရှိပေ။

သို့သော်လည်း လူထုသဘောထားစစ်တမ်းများအရ ပြည်သူတို့၏ သည်းခံနိုင်စွမ်းလျော့နည်းလာနေချိန်တွင် နိုင်ငံတော်အဆင့် မိန့်ခွန်းတစ်ခု၏ တရားဝင်မှုနှင့် ခိုင်မာသောတင်ပြပုံစံတို့က အမေရိကန် ပြည်သူများအနေဖြင့် သမ္မတအပေါ် ပိုမိုယုံကြည်လာစေရန် အထောက်အကူဖြစ်လိမ့်မည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂