ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ပန်းမုံလာစိုက်တောင်သူများသည် မျှားနီတံဆိပ် ပန်းမုံလာမျိုးများ အဓိထားစိုက်ပျိုးကြကြောင်းနှင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၅)ထုပ် ဝယ်ယူပျိုးထောင်ရပြီး သန်မာသည့် ပျိုးပင်များရွေးချယ်၍ မြေပြုပြင် ထားသည့် စိုက်ခင်းတွင် ပြောင်းရွေ့စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ ပျိုးထောင် စိုက်ပျိုးခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက်သန့်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးနှင်ဆေး/ပိုးသတ်ဆေးဖျန်ခြင်း၊ ရေသွင်းခြင်းစသည့် အထွေထွေကုန်ကျစရိတ်အနေဖြင့် စိုက်ခင်းတစ်ဧကတွင် ငွေကျပ်(၁၁)သိန်းမှ(၁၃)သိန်းခန့် ကုန်ကျကြောင်း ပန်းမုံလာစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ 

ပန်းမုံလာသီးနှံသည် နုန်းမြေနုများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊  ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေပေါင်များပြုလုပ်၍ စိုက်ပျိုးရကြောင်းနှင့် စိုက်ခင်းတစ်ဧကတွင် အပင်အရေတွက်(၁)သောင်းနှစ်ထောင်ခန့် စိုက်ပျိုးနိုင်ပြီးရောင်းချသည့်အခါ ရောင်းတန်းဝင် အပင်အရေအတွက် (၈)ထောင်ကျော်(၉)ထောင်ခန့်သာခုတ်ယူရောင်းချရကြောင်း၊ ပန်းမုံလာပွင့်တစ်ပွင့်အား ငွေကျပ်(၄၂၀)ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် ပန်းမုံလာစိုက်တောင်သူများ  အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။ 

သက်မောင်(ကျောက်ဆည်)