တရုတ်နိုင်ငံက ဘိုးရင်းလေယာဉ် အစင်း ၂၀၀ ဝယ်ယူမည်
ပေကျင်း မေ ၂၁
တရုတ်နိုင်ငံက ၎င်း၏ လေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အပေါ် အခြေခံ၍ ဘိုးရင်းလေယာဉ် အစင်း ၂၀၀ ကို လုပ်ငန်းစည်းမျဉ်းများနှင့်အညီ ဝယ်ယူမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်က တရုတ်နိုင်ငံကို လုံလောက်သော အင်ဂျင်နှင့် အပိုပစ္စည်းများ ထောက်ပံ့ပေးရန် အာမခံမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မကြာသေးမီက ကျင်းပခဲ့သော တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်၏ ပဏာမရလဒ်များကို ကိုးကားပြီး ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
MM-News-Category
