ပုသိမ်ကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများပေးအပ်
ပုသိမ်ကြီး မေ ၂၁
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာသိန်း က စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက တောင်သူများအား စပါးတစ်ဧကလျှင် သုံးသိန်းကျပ်၊ ပဲမျိုးစုံ ၁၈ မျိုး တစ်ဧကလျှင် နှစ်သိန်း ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း တောင်သူ ၉၄ ဦးအတွက် ချေးငွေကျပ် ၁၃၀၃ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)
MDN
MM-News-Category
