ပြင်ဦးလွင်မြို့၌ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်

News Image

  • ပြင်ဦးလွင်မြို့၌ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်

ပြင်ဦးလွင် မေ ၂၁

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြင်ဦးလွင်ခရိုင်ဘဏ်ခွဲ၌  တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို မေ ၁၉ ရက်က ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ထွေးထွေးသိန်း(ခရိုင်စိုက်/ ဘဏ်မန်နေဂျာ)က ချေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ ၁၁ ရွာ၊ တောင်သူ ၁၄၃ ဦးအတွက် ချေးငွေကျပ် ၁၆၄၁ သိန်းကို စနစ်တကျ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

MDN