သင်္ဃန်းကျွန်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်

News Image

  • သင်္ဃန်းကျွန်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်

ရန်ကုန် မေ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေ ၁၉ ရက်က ကျင်းပသည်။

 

ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

 

ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာ သင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား စက်ချုပ်နည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်သည်အထိ မေ ၁၉ ရက်မှ ဇူလိုင် ၇ ရက်အထိ တစ်လခွဲကြာ စာတွေ့၊ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသားငါးဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

MDN