Vance က အီရန်နှင့် သဘောတူညီမှုမရရှိကြောင်း ကြေညာပြီးနောက် UFC လက်ဝှေ့ပွဲ၏ Screen ပေါ်တွင် Rubio ၏ပုံကို ပြသ
အီရန်နှင့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဒုသမ္မတ JD Vance က ကြေညာခဲ့ပြီးနောက် မကြာမီမှာပင် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့တွင် ကျင်းပနေသည့် UFC လက်ဝှေ့ပွဲ၏ Screen ပေါ်တွင် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ၏ပုံကို ပြသခဲ့သည်။
Rubio သည် အဆိုပါပွဲစဉ်သို့ သမ္မတ Donald Trump နှင့်အတူ တက်ရောက်နေခြင်းဖြစ်သည်။ Trump နှင့် Rubio တို့နှင့်အတူ လိုက်ပါလာသည့် သတင်းထောက်များ၏ အဆိုအရ ၎င်းတို့နှစ်ဦးမှာ ပြိုင်ပွဲကို ကြည့်ရှုရင်း ပြုံးရွှင်စွာအားပေးနေကြသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ကိုးကား- CNN
Photo: The Independent
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
MM-News-Category
