လီရာငွေကြေးတည်ငြိမ်စေရန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ရွှေတုံးများကို တူကီယဲရောင်းချ၊ လဲလှယ်

News Image

  • လီရာငွေကြေးတည်ငြိမ်စေရန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ရွှေတုံးများကို တူကီယဲရောင်းချ၊ လဲလှယ်

     တူကီယဲဗဟိုဘဏ်သည် အီရန်နိုင်ငံတွင် အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ၎င်းတို့၏ တူကီယဲလီရာငွေကြေး တည်ငြိမ်စေရန်အတွက် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ရွှေတုံးများကိုရောင်းချခြင်းနှင့် လဲလှယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း Financial Times သတင်းစာကဖော်ပြသည်။

တူကီယဲဗဟိုဘဏ်သည် ယခုနှစ်ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၇ ရက်အတွင်း ရွှေတုံး ၅၂ တန်ကို ရောင်းချခဲ့သည့်အပြင် ရွှေတန်ချိန် ၇၉ တန်ခန့်နှင့် ညီမျှသော   ရွှေလဲလှယ်ရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်းစာက ဧပြီလ ၈ ရက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ဗဟိုဘဏ်သည် ဝင်ငွေရရှိစေရန်အတွက် ၎င်းတို့၏ရွှေတုံးများကို ငှားရမ်းသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ 

Financial Times ၏ တွက်ချက်မှုများအရ ရွှေရောင်းချမှုနှင့် လဲလှယ်မှုတန်ဖိုး စုစုပေါင်းသည် လက်ရှိဈေးနှုန်းအရ ဒေါ်လာ ၂၀ ဘီလီယံနီးပါးရှိသည်ဟု သိရသည်။တူကီယဲနိုင်ငံသည် ဒေသတွင်းစီးပွားရေး တည်ငြိမ်မှု ရှိစေရန်အတွက် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကိုဖြေရှင်းရန်   ကြိုးပမ်းရာတွင်လည်း တက်ကြွစွာ ပါဝင်လျက်ရှိသည့်   နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

MWD