ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အသက်အငယ်ဆုံး ပါဝင်ကစားခွင့် ရရှိသူအဖြစ် ဒိုမန်း မှတ်တမ်းဝင်

News Image

  • ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အသက်အငယ်ဆုံး ပါဝင်ကစားခွင့် ရရှိသူအဖြစ် ဒိုမန်း မှတ်တမ်းဝင်

လန်ဒန်   ဧပြီ   ၉

အာဆင်နယ်အသင်း  လူငယ်ကစားသမား ဒိုမန်း သည်  ချန်ပီယံလိဂ်ပြိုင်ပွဲ    ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ်  စပို့တင်းလစ္စဘွန်းအသင်းနှင့်  အာဆင်နယ် အသင်းတို့ကစားသည့်ပွဲစဉ်တွင် ပါဝင်ခွင့်ရရှိပြီးနောက်ပြိုင်ပွဲသမိုင်းတစ်လျှောက်   ကွာတားဖိုင်နယ်အဆင့်တွင် အသက်အငယ်ဆုံး ပါဝင်ကစားခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဒိုမန်းသည် စပို့တင်းလစ္စဘွန်းအသင်းနှင့် အာဆင် နယ်အသင်းတို့ကစားသည့်ပွဲစဉ်၌  ပါဝင်ကစား ချိန်တွင် ၎င်း၏အသက်မှာ ၁၆ နှစ်နှင့် ၉၇ ရက်သာ ရှိသေးသည့်အတွက် ဘာစီလိုနာအသင်းမှ   ယာမယ် အားကျော်ဖြတ်ပြီး   ချန်ပီယံလိဂ်ပြိုင်ပွဲ   ကွာတား ဖိုင်နယ်အဆင့်တွင် အသက်အငယ်ဆုံးပါဝင်ကစားခွင့် ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဒိုမန်းမတိုင်မီက ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်တွင်  အသက်အငယ်ဆုံးပါဝင်ကစားခွင့်ရရှိ သူအဖြစ် ယာမယ်က အသက် ၁၆ နှစ်နှင့် ၂၇၂ ရက် ဖြင့်စံချိန်တင်ထားခဲ့ခြင်းကို    ယခုအခါ  ဒိုမန်းက ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒိုမန်းသည် အာဆင်နယ်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး  ယခုဘောလုံးရာသီတွင် နည်းပြအာတီတာ၏ ယုံကြည်မှုနှင့်အတူ အသင်းကြီးတွင် ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ကာ အစောပိုင်းက လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသက်အငယ်ဆုံး ကစားသမားအဖြစ် လည်းကောင်း၊ အာဆင်နယ်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် လည်းကောင်း၊ အက်ဖ်အေဖလားပြိုင်ပွဲတွင် အသက် အငယ်ဆုံးကစားသမားအဖြစ် လည်းကောင်း မှတ်တမ်းဝင်ထားကြောင်း သိရသည်။ 

MWD