ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းတစ်လျှောက် ဥရောပအဆင့်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်

News Image

  • ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းတစ်လျှောက် ဥရောပအဆင့်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်

လန်ဒန် ဧပြီ ၁၈

ခရစ္စတယ်ပဲလေ့စ်အသင်းသည်   ယခုဘောလုံး ရာသီ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ်ကစားသည့် ဖီအိုရင်တီးနားအသင်းနှင့်  ပွဲစဉ်တွင်  နှစ်ကျော့ပေါင်းရလဒ်   ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက်   အသင်းသမိုင်းတစ်လျှောက် ဥရောပအဆင့်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်သို့  တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည်   ဖီအိုရင်တီးနား အသင်းကို   ပထမအကျော့တွင်   ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး   ဒုတိယအကျော့တွင် ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီက   အက်ဖ်အေဖလားပြိုင်ပွဲတွင်  ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံဆုဖလား   ဆွတ်ခူးနိုင်ပြီးနောက် ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း  ဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုဘောလုံး ရာသီ   ကွန်ဖရင့်လိဂ်ပြိုင်ပွဲ  အုပ်စုအဆင့်ပွဲစဉ်များ အပြီးတွင် အဆင့်(၁၀)နေရာ၌  ရပ်တည်နိုင်သည့် အတွက်   ရှုံးထွက်အဆင့်ကစားရပြီး   အေအီးကေ အသင်းကိုအနိုင်ရရှိကာ  ကွာတားဖိုင်နယ် အဆင့်တွင်  ဖီအိုရင်တီးနားအသင်းကို အနိုင်ရရှိခဲ့သည်။ ခရစ္စတယ်ပဲလေ့စ် အသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင်     ရှက်တာဒိုးနက်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

MWD