ယခုဘောလုံးရာသီတွင် ရှုံးပွဲမရှိ အချိန်အကြာဆုံးစံချိန်ကို ဘုန်းမောက်အသင်း ဆက်လက်ထိန်းသိမ်းထား
လန်ဒန်၊ ဧပြီ ၁၉ — ဘုန်းမောက်အသင်းသည် နယူးကာဆယ်အသင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိ ၁၃ ပွဲဆက် စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
ပွဲစဉ် (၃၃) အဖြစ် ကစားသည့် အဆိုပါပွဲတွင် ဘုန်းမောက်အသင်းသည် အနိုင်ရလဒ်ရရှိပြီးနောက် ဇန်နဝါရီ ၄ ရက်က အာဆင်နယ်အသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲမှစ၍ ၁၃ ပွဲဆက် ရှုံးပွဲမရှိ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၃ ပွဲအတွင်း ဘုန်းမောက်အသင်းသည် စပါး၊ လီဗာပူး၊ ဝုဗ်၊ အဲဗာတန်၊ အာဆင်နယ်နှင့် နယူးကာဆယ်တို့ကို အနိုင်ရရှိခဲ့ပြီး ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ဘရန့်ဖို့ဒ်၊ ဘန်လေနှင့် မန်ယူအသင်းတို့နှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဘုန်းမောက်အသင်းသည် ရမှတ် ၄၈ မှတ်ဖြင့် ရာသီအဆုံးတွင် ဥရောပပြိုင်ပွဲဝင်ခွင့်နေရာအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
Ref: Fotmob
MWD
