Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

News Image

  • Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၁၉ — မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ Myanmar Plaza ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမည့် Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဧပြီလ ၂၃ ရက်မှ ၂၆ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ကစားသမားများ၊ ဝါရင့်ကစားသမားများနှင့် အရည်အသွေးထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်သည့် လေးယောက်တွဲ အလွတ်တန်းပုံစံဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းလောက၏ ထိပ်သီးကလပ်အသင်းများဖြစ်သည့် ဆယ်တဲဗိုလ်၊ လိပ်သုံးကောင်၊ ခေတ်ကျောင်းသား၊ YRG၊ ရွှေကျွန်းသား၊ ဒွေးမယ်နော်၊ USL နှင့် ဆန်းညွန့်ကလပ်တို့မှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများအစည်းအဝေးနှင့် ပွဲစဉ်ရေးဆွဲခြင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရုံး၌ ကျင်းပမည်ဖြစ်သည်။

ဆုကြေးငွေအနေဖြင့် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀ နှင့် ပူးတွဲတတိယဆု နှစ်ဆုအတွက် တစ်ဆုလျှင် ကျပ်သိန်း ၁၅ စီဖြင့် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။

MWD