အီးစီးကရက်သောက်သုံးမှုကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်မားလာတတ်

News Image

  • အီးစီးကရက်သောက်သုံးမှုကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်မားလာတတ်

ဝယ်လင်တန်   ဧပြီ ၂၂

အီးစီးကရက် သောက်သုံးမှုကြောင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေ မြင့်မားလာတတ်ကြောင်း သုတေသနပညာရှင်များက ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။

အီးစီးကရက်များကို ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် အထောက်အကူပြုနိုင်သောပစ္စည်းများအဖြစ် ဆေးပညာရှင်များက ရှေးယခင်က မှတ်ယူထားခဲ့ကြကြောင်း သိရသည်။

သို့ရာတွင် နောက်ပိုင်းပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာသောရလဒ်များအရ အီးစီးကရက်သောက်သုံးမှုသည် ယခင်တွေးထင်ထားသကဲ့သို့ ဆေးအန္တရာယ်ကင်းရှင်းမှု မရှိနိုင်ကြောင်း သိရသည်။

အလားတူ အီးစီးကရက်သောက်သုံးမှုကြောင့် နှာခေါင်းကင်ဆာနှင့် အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါများဖြစ်နိုင်ခြေမြင့်မားလာတတ်ကြောင်း နယူးဇီလန်နိုင်ငံ ကင်တာဘူရီတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

သို့ရာတွင် အီးစီးကရက်သောက်သုံးမှုကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေမြင့်တက်လာနိုင်မှုသည် စီးကရက်သောက်သုံးမှုနှင့် နှိုင်းယှဉ်ပါက ပို၍ နည်းပါးကြောင်း နယူးဇီလန် သုတေသနပညာရှင်များက ပြောကြားသည်။

ရတနာပုံသတင်းစာ