မိုးကောင်းမြို့နယ်၌ မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး
မိုးကောင်း ဧပြီ ၂၆
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ဧပြီ ၂၅ ရက် ည ၉ နာရီခွဲခန့်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်ရှိ ကျွန်းပင်သာအုပ်စု၌ လူနေအိမ် ၆၈ လုံး၊ မြို့ဦး ရပ်ကွက်၌ လူနေအိမ် ၂၄ လုံး၊ နန့်ရင်ရပ်ကွက်၌ လူနေအိမ် ငါးလုံး၊ ညောင်တောရပ်ကွက်၌ လူနေအိမ် ၁၅ လုံး၊ လွဲလောကျေးရွာ၌ လူနေအိမ် ၄၈ လုံး၊ ပင်ဘောကျေးရွာ၌ လူနေအိမ် အလုံး ၁၀၀၊ ဆားမှော်ကျေးရွာ၌ လူနေအိမ် ၁၁၅ လုံး၊ ထိုပူးကျေးရွာ၌ လူနေအိမ် ၁၀၇ လုံးအပါအဝင် အချို့ကျေးရွာတွင် လူနေအိမ်များ အမိုးလန်ခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်း၊ ဓာတ်တိုင်များ ကျိုးပဲ့ပျက်စီးခြင်း၊ သစ်ပင်များကျိုးပဲ့ပျက်စီးခြင်း၊ သစ်ပင်ကျိုးပဲ့ခြင်းကြောင့် အချို့လူနေအိမ်များအပေါ် သစ်ပင်ပိ၍ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းပြုစုခြင်းများ ဆောင်ရွက်ပြီး ကျိုးပဲ့သစ်ကိုင်းများ ရှင်းလင်းရေး ဆောင်ရွက်နေကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)
MDN
