ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်လှုပ်ခတ်

News Image

  • ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်လှုပ်ခတ်

ဧပြီ ၂၇

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၄ မိနစ်ခန့်က ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် ဟော့ကိုင်းဒိုးရှိ ယူရာဟိုရိုကဲ့သို့သော ဒေသများတွင် ဂျပန်နိုင်ငံ၏ ငလျင်တိုင်းတာမှု အဆင့် ခုနစ်တွင် အဆင့်ငါးအပြင်းစားရှိပြီး အနက် ၈၀ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျေအမ်အေက ပြောကြားခဲ့သည်။

ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၄၂ ဒသမ ၆ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၃ ဒသမ ၁ ဒီဂရီတွင် တည်ရှိသည်ဟု သိရသည်။

ဂျေအမ်အေ၏ပြောကြားချက်အရ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN