အမေရိကန်နှင့် အီရန် ထိပ်တိုက်တွေ့မှုကြောင့် ဥရောပသမဂ္ဂတွင် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်ဟုဆို

News Image

  • အမေရိကန်နှင့် အီရန် ထိပ်တိုက်တွေ့မှုကြောင့် ဥရောပသမဂ္ဂတွင် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်ဟုဆို

အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ထိပ်တိုက်တွေ့ဆုံမှုများသည် စီးပွားရေးရိုက်ခတ်မှုများအပြင် ဥရောပသမဂ္ဂ (EU) အတွက် နိုင်ငံရေးအကျပ်အတည်းအထိ ဖြစ်လာနိုင်ကြောင်း ဥရောပတာဝန်ရှိသူများ၏ ပြောဆိုချက်များကို ကိုးကား၍ သတင်းဌာနများက ဖော်ပြထားသည်။

လောင်စာဆီကုန်ကျစရိတ် မြင့်တက်လာမှုသည် စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ရာစရိတ်များအပေါ် သက်ရောက်မှုရှိနေပြီး ဝင်ငွေနည်းပါးသည့် မိသားစုများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဥရောပစီးပွားရေးနှင့် လူမှုရေးကော်မတီ အကြီးအကဲ ရှီးမတ်ဘိုလန်က ယခုအခြေအနေသည် နိုင်ငံအလိုက်အစိုးရများအပေါ်သာမက ဥရောပသမဂ္ဂအပေါ်တွင်ပါ ပြည်သူများ၏ ယုံကြည်မှု လျော့နည်းလာစေနိုင်ကြောင်း သတိပေးထားသည်။ ထို့ပြင် ယခုအကျပ်အတည်းကြောင့် နိုင်ငံအသီးသီးတွင် ကိုယ်ကျိုးစီးပွားဦးစားပေးသည့် ဝါဒများကို ပိုမိုအားပေးလာနိုင်သည့် အန္တရာယ်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်ရေတပ်သည် ဧပြီလ ၁၃ ရက်မှစတင်ကာ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုရေလက်ကြားတစ်လျှောက်ရှိ အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်မည့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ထားသည်။ အမေရိကန်အစိုးရက အီရန်သို့ အခွန်ပေးဆောင်ခြင်း မပြုသည့် နိုင်ငံများမှ သင်္ဘောများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဟု ကြေညာထားခြင်းကြောင့် ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်လာနေသည်။

Ref: Sputnik

MWD