ကံမမြို့နယ်ရှိ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

News Image

  • ကံမမြို့နယ်ရှိ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေး  ကွင်းဆင်းဆောင်ရွက်

ကံမ မေ ၄

 

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၌  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဥပဒေပါ လုပ်ငန်းတစ်ရပ်ဖြစ်သည့် စီးပွားဖြစ် အသားစားကြက်မွေးမြူရေးခြံများအား မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေး ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါက်တာဖြူသန့်ထွန်းနှင့် ဝန်ထမ်းများက ကံမမြို့နယ်ရှိ စီးပွားဖြစ် အသားစားကြက် မွေးမြူရေးခြံ ငါးခြံအား  ရက်(၁၀၀)အတွင်း မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)

MDN