တောင်ကြီးမြို့ရှိ သစ်သီးဈေးကွက်၌ ဟန်မြင့်မိုရ်ကျေးရွာမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ်သွက်နေ

News Image

  • တောင်ကြီးမြို့ရှိ သစ်သီးဈေးကွက်၌ ဟန်မြင့်မိုရ်ကျေးရွာမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ်သွက်နေ

တောင်ကြီး   မေ   ၅

     ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ   သစ်သီးဈေးကွက်၌   ဟန်မြင့်မိုရ်ကျေးရွာမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

ပြည်တွင်း၌  သရက်သီးမှည့်များသည် နှစ်စဉ် ဧပြီလမှစ၍ ဇူလိုင်လအထိထွက်ရှိပြီး မေလသည် သရက်သီးမှည့်အပေါဆုံးလဖြစ်ရာ ယခုအခါ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်  ဟန်မြင့်မိုရ်ကျေးရွာမှထွက်ရှိသော စိန်တစ်လုံးသရက်သီးများ တောင်ကြီးမြို့ရှိ သစ်သီးဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီဖြစ်သည်။

တောင်ကြီးမြို့မှဒေသခံများသည် စိန်တစ်လုံးသရက်သီးကို အထူးကြိုက် နှစ်သက်ကြပြီး  လက်ရှိတွင် တောင်ကြီးဈေးကွက်၌ အရည်အသွေးကောင်းမွန်သော စိန်တစ်လုံးသရက်သီး အရွယ်အစားအလိုက်  ဈေးနှုန်းအသီးသီး သတ်မှတ်ရောင်းချကြောင်း သိရသည်။

ပြည်တွင်း၌ သရက်သီးမှည့်များ စပေါ်ချိန်သည် ဒေသတစ်ခုနှင့်တစ်ခု ရက်အနည်းငယ်စီ ကွာခြားမှုရှိပြီး အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာမှ ထွက်ရှိသောစိန်တစ်လုံးသရက်သီးသည် အနံ့၊ အရသာနှင့် အရည်အသွေး အကောင်းဆုံးဖြစ်ကာ စားသုံးသူများ  အထူးကြိုက်နှစ်သက်ကြကြောင်း သိရသည်။         

MWD