တူကီယဲက နိုင်ငံအတွက် ပထမဆုံးသော တိုက်ချင်းပစ်အမြင့်ပျံဒုံးကျည်ကို ထုတ်ဖော်ပြသ
တူကီယဲနိုင်ငံသည် နိုင်ငံ၏အဝေးပစ်တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာမြှင့်တင်ပေးနိုင်မည့် နိုင်ငံအတွက် ပထမဆုံးသော တိုက်ချင်းပစ်အမြင့်ပျံဒုံးကျည် (ICBM) ကို ထုတ်ဖော်ပြသလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“Yildirimhan” ဟု အမည်ပေးထားသည့် အဆိုပါဒုံးကျည်ကို အစ္စတန်ဘူမြို့၌ ကျင်းပသည့် SAHA 2026 ကာကွယ်ရေးစက်မှုပြပွဲတွင် ပြသခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၆၀၀၀ ခန့်အထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။
Yildirimhan သည် နိုင်ငံအတွက် အဝေးဆုံးပစ်ခတ်နိုင်သည့် ဒုံးကျည်ဖြစ်ပြီး အသံနှုန်းလွန်အမြန်နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိသော ပထမဆုံး လောင်စာအရည်သုံးဒီဇိုင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ယာရှာဂူလာက ပြောသည်။
တိုက်ချင်းပစ်ဒုံးကျည်သည် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်ပြီး ပင်ကိုအားဖြင့် ဟန့်တားမှုလက်နက်အဖြစ် ရှုမြင်ထားသော်လည်း လိုအပ်ပါက ထိုးစစ်ဆင်ရာတွင် အသုံးပြုသွားမည်ဟု ၎င်းက သတိပေးသည်။
ထို့ပြင် တူကီယဲနိုင်ငံသည် ပြည်ပမှတင်သွင်းရသည့် အခြေအနေမှ ကိုယ်ပိုင်စနစ်များကို ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် နိုင်ငံအဖြစ်သို့ ကူးပြောင်းလာပြီဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
Ref: RT
MWD

,
,