အလုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး
ရန်ကုန် မေ ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အလုံမြို့နယ် ဦးစီးရုံးမှ ဦးစီးမှူး ဦးစံသိန်းနှင့် ဝန်ထမ်းများသည် မေ ၆ ရက် နံနက်ပိုင်းက သစ်တောရပ်ကွက် အောင်ဇေယျရိပ်မွန်ဓမ္မာရုံ၌ ရက်(၁၀၀) စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်များပြုလုပ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ လုပ်ငန်းဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
MDN
MM-News-Category
