ကယားပြည်နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ UID ကတ်ကွင်းဆင်းဆောင်ရွက်

News Image

  • ကယားပြည်နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ UID ကတ်ကွင်းဆင်းဆောင်ရွက်

လွိုင်ကော် မေ ၆

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင်များနှင့် ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရသစ်၏ ပထမ ရက် (၁၀၀) ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် အနေဖြင့် သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးခြင်း၊ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်မရ ရှိသေးသည့် ကျောင်းသား ကျောင်းသူများအတွက် လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်း၊ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်မရရှိသေးသူများကို ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပြီး ပြည်သူများအတွက် များစွာအကျိုးရှိစေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။

 

လက်ခံရယူ

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမင်းစီမံချက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဦးစီးမှူးနှင့် ပြည်သူများက လက်ခံရယူကြသည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ရာ သက်ဆိုင်ရာ ပြည်သူများက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားလာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

MDN