ဟိုတယ်လုပ်ငန်းရှင်များ ​ငွေ​ဆောင်၌ ပထမဆုံးအကြိမ် နှစ်ပတ်လည် စည်း​ဝေး

News Image

  • ဟိုတယ်လုပ်ငန်းရှင်များ ​ငွေ​ဆောင်၌ ပထမဆုံးအကြိမ် နှစ်ပတ်လည် စည်း​ဝေး

ငွေ​ဆောင် မေ ၆

 

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် နဝမအကြိမ်​မြောက်သက်တမ်း၏ ပထမအကြိမ်နှစ်ပတ်လည်အသင်းသား စုံညီအစည်းအ​ဝေးကို ယ​မန်နေ့က ​ငွေ​ဆောင်မြို့ ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဧရာဝတီတိုင်း​ဒေသကြီး စီမံကိန်း၊ စီးပွား​ရေးနှင့်ဘဏ္ဍာ​ရေးဝန်ကြီး ဦးအောင်ဆန်းချစ်က တက်​ရောက်အမှာစကား​ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကား​ပြောကြားပြီး အ​ထွေထွေအတွင်း​ရေးမှူးက နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားသည်။ ယင်းနောက် တက်​ရောက်လာ​သော ဟိုတယ်ဇုန်ဥက္ကဋ္ဌများက မိမိတို့ဇုန်အလိုက်​ ဆွေးနွေးတင်ပြခဲ့​ကြကြောင်း သိရသည်။

ကြေးမုံ

MDN