ပန်းတနော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆုတောင်းပြည့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်အေးငြိမ်း၏ လယ်ကွင်း၌ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းကျင်စံ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်လင်းနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ရရှိနိုင်မှုနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MDN
