ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၊ လားရှိုး-သိန္နီသွားလမ်းတွင် မူဆယ်မြို့၊ နမ့်အွမ်ကျေးရွာနေ ရန်ပိန်းချိမ့်(၂၆)နှစ် မောင်းနှင် လာသော TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀၀) အား ဖမ်းဆီးရမိသဖြင့် ရန်ပိန်းချိမ့် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA