အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

News Image

  • အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

    အမေရိကန်သမ္မတအိမ်တော်ဖြစ်သည့် အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်မှု လုပ်သူ အမျိုးသားတစ်ဦးကို အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်အတွင်းရှိနေကာ အီရန်နှင့် သဘောတူညီချက်ကိစ္ စဆွေးနွေးနေခြင်းဖြစ်သည်။

အသက် ၂၁ နှစ်ရှိအမျိုးသားတစ်ဦးက မေလ ၂၃ ရက်ည ၆ နာရီကျော်တွင် အိမ်ဖြူတော်လုံခြုံရေး သတ်မှတ်စည်းအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏လွယ်အိတ်အတွင်းမှ သေနတ်တစ်လက်ကိုထုတ်ပြီး ပစ်ခတ်မှုလုပ်ဆောင်ခြင်းဖြစ်သည်။  ထို့နောက် အထူးရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို တုံ့ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် ထိုအမျိုးသားကို ဆေးရုံသို့ခေါ်ဆောင်သွားသော်လည်း ဆေးရုံရောက်ချိန်တွင် သေဆုံးနေပြီဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် အိမ်ဖြူတော်အနီးမှ ဖြတ်သွားသည့် လမ်းသွားလမ်းလာတစ်ဦးသည်လည်း သေနတ်ဒဏ်ရာရရှိကြောင်း အထူးရဲတပ်ဖွဲ့မှ ပြန်ကြားရေးအရာရှိ အန်တိုနီဂူလိုင်းယယ်မီက ပြောသည်။ ပစ်ခတ်မှုလုပ်သူသည် ယခင်က စိတ်ရောဂါဖြစ်ဖူးသူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ကတောက်ကဆဖြစ်ဖူးကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

MDN