မြိတ်မြို့နယ် ဝါကုန်းကျေးရွာ၌ မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြော
မြိတ် မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြောပွဲကို ယမန်နေ့က ဝါကုန်းကျေးရွာ အမက(ဝါကုန်း) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
ဟောပြောရာတွင် သမုတ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် မင်းမင်းထွန်းက မှုခင်းကျဆင်းရေးအသိပညာပေးခြင်းနှင့် ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် အချက်အလက်များ ရှင်းလင်းပြောကြား၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဇင်ဖြိုးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။
ခိုင်ထူး(ပြန်/ဆက်)
MDN
MM-News-Category
