ရုရှားက အသံနှုန်းလွန်ဒုံးကျည် အသုံးပြုပြီး ယူကရိန်းကို လက်တုံ့ပြန်တိုက်ခိုက်

News Image

  • ရုရှားက အသံနှုန်းလွန်ဒုံးကျည် အသုံးပြုပြီး ယူကရိန်းကို လက်တုံ့ပြန်တိုက်ခိုက်

         ရုရှားစစ်ဘက်သည် နိုင်ငံ၏နောက်ဆုံးပေါ် အဆင့်အမြင့်ဆုံးဒုံးကျည်ဖြစ်သောOreshnik အသံနှုန်းလွန်ဒုံးကျည် အသုံးပြု၍ ယူကရိန်းနိုင်ငံ ကိယက်မြို့ကို လက်တုံ့ပြန်တိုက်ခိုက်မှုလုပ်ကြောင်း သိရသည်။

ယူကရိန်းက ရုရှားနိုင်ငံနှင့် ပေါင်းစည်းထားသော လူးဟန့်ပြည်သူ့သမ္မတ နိုင်ငံအတွင်းရှိ ဆရာအတတ်သင်ကျောင်း အိပ်ဆောင်ကို မေလ ၂၂ ရက်တွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ခြင်းအပေါ် ရုရှားဘက်က လက်တုံ့ပြန်သည့်အနေဖြင့် မေလ ၂၄ ရက်တွင် Oreshnik ဒုံးကျည်အပါအဝင် ဒုံးကျည်အစင်းပေါင်းများစွာ၊ ဒရုန်းအစင်းပေါင်း များစွာအသုံးပြု၍ ကိယက်မြို့ကို တိုက်ခိုက်ခြင်းဖြစ်သည်။

ယူကရိန်း၏  တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေးအများစုအပါအဝင်လူ ၂၁ ဦးသေဆုံးကာ ၄၂ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယူကရိန်းကို လက်တုံ့ပြန် တိုက်ခိုက်နိုင်သည့် နည်းလမ်းများတင်ပြရန် ရုရှားသမ္မတက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

Oreshnik ဒုံးကျည်သည် သမားရိုးကျ ဒုံးကျည်ထိပ်ဖူးများသာမက နျူကလီးယားထိပ်ဖူးများကိုပါ သယ်ဆောင်ကာ ရန်သူ့လေပိုင်နက်အတွင်းသို့ အသံထက်အလွန်မြန်သော နှုန်းဖြင့်ဝင်ရောက်၍ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်စွမ်းရှိကြောင်း သိရသည်။

MDN