ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
ပေါင် မေ ၂၄
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
ဦးစွာ ပေါင်မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်စိုးသန်းက ရပ်ကွက်၊ ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုစသည့် မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)
MDN
MM-News-Category

,